About Us

Our vision is to create better environment economically.

What do we do?

လူကြီးမင်းတို့အတွက် အိမ်တွင်း၊ခြံတွင်း၊ဟိုတယ်၊ပန်းခြံ၊စက်ရုံတွေအတွက် ကားနင်းခံ အလှဆင် လမ်းခင်းအုတ် ဒီဇိုင်းအစုံ ကာလာအစုံ ကွာလတီကောင်းတဲ့ ပစ္စည်းတွေ “အောင်ပန်းစုံ”မှာ ရရှိနိုင်သလို ကိုယ်တိုင်ထုတ်လုပ်သူများအတွက်လည်း သင်တန်းတွေ ဆက်စပ်ပစ္စည်းတွေလည်း ရရှိနိုင်ပါပြီ။

Our Story

How did we get here?

လွန်ခဲ့တဲ့(၅)နှစ်၀န်းကျင်က နယ်မြို့လေးတစ်ခုမှာ ကွန်ကရစ်အလှဆင် လမ်းခင်းဘလော့ကို စတင်ထုတ်လုပ်တော့ လှောင်ရယ်သံတွေ မဖြစ်နိုင်ဘူးဆိုတဲ့ အရာတွေ ပါတ်၀န်းကျင်ရဲ့ တံထွေးခွက်တွေကြားထဲမှာ အလူးအလဲခံခဲ့ရသည်
တချို့မိတ်ဆွေတွေကလည်း ရန်ကုန်မှာတောင် ဘယ်သူမှ သိပ်မသုံးသေးတာ နယ်မြို့မှာ လုပ်လို့ကတော့ အလကားပေါ့
မင်း ဘလော့တုံးတွေခင်းမည့်အစား ကြွေပြား၊ကျောက်ပြား သူများသုံးမှာပေါ့ဆိုပြီး စေတနာဖြင့် တားခဲ့ကြတယ်
ကျွန်တော်တို့ ထုတ်တာက ကားနင်းခံတယ် ရေရှည်လည်းအသုံးပြုနိုင်တယ် အစရှိသဖြင့် အားသာချက်တွေ ပြောလည်း လက်မခံဘူး
လက်မခံတဲ့ သူတို့ကိုလည်း အပြစ်တင်လို့မရဘူးလေ
ကိုယ်တိုင်က ယုံကြည်မှုတစ်ခုမှတပါး ဟုတ်မဟုတ်လည်း ကိုယ့်မှာ သက်သေပြစရာ မရှိဘူးလေ
ကားနင်းခံတယ်ဆိုတာ ပြဖို့ဆိုပြီး နမှုနာအတုံးလေးတွေကိုထုတ်ပြီး ကွန်ကရစ်ဘလော့ထုတ်ဖို့ မှာထားတဲ့ သဲကားလာရင် အတုံးလေးတွေကို ကားနဲ့နင်းခိုင်း Videoလေးရိုက် လိုင်းပေါ်လေးတင်ရင်း တဖြေးဖြေးနဲ့ ကိုယ်တွေလို ပစ္စည်းသစ်တစ်ခုကို သူမတူအောင်စတင်လုပ်ကိုင်ချင်တဲ့ လုပ်ငန်းတူတွေ စုမိ ကြသည်
ထုတ်ကုန်ဘလော့တုံးတွေကို FBပေါ်တင်ကြ သူထက်ငါအပြိုင် ရောင်းကြရင်း FBလိုင်းကို စီးလာခဲ့တာ ယခုဆိုရင် ဈေးကွက်ကြီးတစ်ခု ရှိနေပြီဖြစ်ပါသည်
ကိုယ်တိုင်လည်း ဆိုင်ခွဲတွေ လုပ်ငန်းခွဲတွေ ရှိလာပြီ မိသားစုတော်များများကိုလည်း လက်ရှိလုပ်ငန်းနှင့် ပါတ်သတ်ပြီး ထမင်းကျွေးနိုင်ခဲ့ပြီ
ယခုအချိန်ရောက်တော့မှ အရင်က လှောင်ရယ်သံတွေ မဖြစ်နိုင်ဘူးဆိုတဲ့ အကြောင်းပြောတဲ့ သူတွေကို ကျေးဇူးတင်မိပါသည်
တစ်ခါတစ်လေ မခံချင်စိတ်က နေရာတိုင်းထားတာ မကောင်းဘူးဆိုသော်လည်း အောင်မြင်ဖို့တွက် မိမိစိတ်ကို တွန်းပို့လို့ရတဲ့ အရာတစ်ခုဖြစ်တယ်ဆိုတာ ပြောကြားရင်း နိဂုံးချုပ်အပ်ပါသည်

မခံချင်စိတ်လေးတစ်ခုရဲ့ စွမ်းပကား

“အောင်ပန်းစုံ” ကွန်ကရစ်အလှဆင် လုပ်ငန်းနှင့် သင်တန်း

ပေးရတဲ့ဈေးထပ် ပြန်ရတဲ့ပညာတွေက များစွာတန်ဖိုးကြီးပါတယ်။ ငွေတစ်သိန်းဆိုတာ တစ်ဝိုင်းထိုင်ပြီးဖြုန်းလိုက်ရင် အချိန်ပိုင်းအားဖြင့် ခဏတာပါ။ အခုလို တန်ဖိုးရှိတဲ့ သင်တန်းတစ်ခု တက်လိုက်ရင် ပြန်ရတဲ့ ပညာတွေက တစ်သက်စာပါ။ ကိုယ်ပိုင်လုပ်ငန်းတစ်ခု ဖန်တီးနိုင်ပြီး ကိုယ့်အိမ်ခြံဝန်းမှာ ကိုယ့်လက်ရာနဲ့ အလှဆင်မယ်ဆိုရင်လဲ ကွာခြားတဲ့ ပီတိမျိုး ခံစားရမှာပါ။ ဒီလို သင်တန်းမျိုးကို တက်ခွင့်ရအောင် ဖန်တီးပေးတဲ့ အောင်ပန်းစုံ Co.,Ltd ကိုလဲ အထူးပင် ကျေးဇူး တင်ရှိပါတယ် ခင်ဗျာ။ ဒီထပ်မကလဲ အောင်မြင်မှု ရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ် ခင်ဗျာ။
Zeronine
ဟိုး…. လွန်​ခဲ့တဲ့ ၁နှစ်​ခွဲ ၁၀သိန်း မန်ဘာပေါ့…. ဒီလိုနဲ့ ဆက်ဆံလာရင်း…. အောင်ပန်းစုံ ရဲ့ စိတ်.. စေတနာ..လုံ့လ..ဝိရီယ..ကြိုးစားအားထုပ်မှု့… တပည့်တွေရဲ့ အခက်အခဲကို စေတနာထားဖြေရှင်းပေးတဲ့စိတ်.. ရောင်းကောင်းအောင် ကြေငြာပေးတဲ့ ကျေးဇူး….. နည်းစနစ်သစ်ကို အမြဲ update လုပ်ပေးနေတဲ့…. ….. အောင်ပန်းစုံ….
Htet Linn Aung
တနိူင်တပိုင်မှသည် လုပ်ငန်းရှင်ကြီးဖြစ်သည်အထိ ဆွဲခေါ်မျှဝေပေးပြီး အားကိုးအားထားရာ အောင်ပန်းစုံပါ
U Myat Thu​
သင်တန်းတတ်ရတာ ပညာ ဗဟုသုတ များစွာရရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်။အောင်မြင်ပါစေ အောင်ပန်း
Kyaw Soe Thu
Shopping Cart